Shwe Sin Diamond, Gold & Jewellery Shop

ကြွားတာမဟုတ်ဘူးကြိုက်လို့ဝတ်တာ - Shwe Sin Diamond,Gold & Jewellery

ကြွားတာမဟုတ်ဘူးကြိုက်လို့ဝတ်တာ

ခုထိရှိဆဲ . . . ရှိတုန်း . . . ရှိလတ္တံနော် . . .
အပြင်သွားလို့ ရွှေဆွဲကြိုးကြီး ပြူးနေအောင်များဝတ်သွားမိရင်

” ဟယ်…..ချစ် အရမ်းတွေလှနေပါလား…
ဆွဲကြိုးကြီးများ ဝတ်ထားလိုက်တာ ဝင်းအိနေတာပဲ အားကျလိုက်တာနော်
ပိုက်ဆံတွေအများကြီးပေးရမှာဆိုတာက တစ်ဖုံ….”

” သည်စိန်ဘယက်လေးက ဝင်းဖြာနေတာပဲ
တစ်နေ့တစ်မျိုးမရိုးရဘူးနော် ဘယ်ဆိုင်က ဝယ်ထားတာလဲမမ “
ဆိုတဲ့ လူအာရုံစိုက်ခံရတာမျိုးလေးတွေက အရမ်းကြွားတယ်လို့များထင်စရာဖြစ်နေလား….

တစ်ကယ်တော့ မိန်းမဆိုတဲ့အမျိုးက အင်မတန်အလှကြိုက်ပါတယ်နော်…..
တစ်နေ့တစ်မျိုး မရိုးအောင်ဆင်ရတာကိုက အသက်ရှည်ဆေးတစ်မျိုးပဲလေ….

စိန်ဆိုရင် ထည်ဝါလင်းလက်နေမယ်….
ရွှေဆိုရင် အရောင်အဝါတွေ တောက်ပလဲ့ဖြာနေတာကိုက အမျိုးသမီးတွေကို
အသရေတစ်မျိုး တိုးစေတာပါပဲတဲ့……

ဒါကြောင့် ဘာလို့ နေ့တိုင်းလက်ဝတ်ရတနာတွေနဲ့ တောက်ဖြာနေသလဲမေးရင်
“ဒို့က ကြွားချင်လို့ဝတ်တာမဟုတ်ဘူး ..ကြိုက်လို့ကိုဝတ်တာ”လို့ ပြန်ဖြေလိုက်ကြကွယ်နော်….

တလက်လက်လင်းဖြာနေတဲ့ စိန်ထည် ရွှေထည်လက်ဝတ်ရတနာထည်တွေကို ရွှေစင်ဆိုင်-၄ မှာ ဈေးနှုန်းမှန်ကန်စွာနဲ့ ရောင်းချပေးနေပါတယ်ရှင်……

Post navigation