ရွှေစင်ရတနာရွှေဆိုင်အနေနဲ့ မျိုးဆက်ငါးဆက်တိုင်အောင် ကောင်းမွန်မှန်ကန်တဲ့ လက်ရာဒီဇိုင်းတွေကြောင့် ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်ပါသည်။ ၁၉၈၅ခုနှစ်မှာဆိုရင်တော့ ဦးတင်ဦး+ဒေါ်လှမြင့်တို့ဟာ “၁၅ပဲရည်ပြည့်” ရွှေရည်ကို ပထမဦးဆုံးစွန့်ဦးတီထွင်ခဲ့ရာမှ ရွှေအရည်အသွေးလွန်စွာကောင်းမွန်မှုကြောင့် မိတ်ဟောင်း မိတ်သစ်များ၏ ကျိတ်ကျိတ်တိုး ဝယ်ယူအားပေးမှုကို ရရှိခဲ့ပါသည်။
